ကျောင်းသမိုင်း

သမိုင်းအကျဉ်း

                  ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးအရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၅) သဘောတူညီချက် အရ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့စွဲပါ စာအမှတ်၊ အုပ်ချုပ်မှု (အမိန့်စာ) ၂၀၁၆(၀၀၅၁) အရ ချင်းပြည်နယ်တွင် ပညာရေးကောလိပ် အသစ် (၁)ကျောင်းအား ဖွင့်လှစ်ခွင့် ပြုခဲ့ပါသည်။

                  ဟားခါးပညာရေးကောလိပ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် နေ့သင်တန်းများ စတင် ဖွင့်လှစ်ခဲ့ပါသည်။

                  ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၀)ရက် (ကြာသပတေး)နေ့တွင် ကျင်းပပြီးစီခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၂၀) သဘောတူညီချက်အရ (၂)နှစ်သင် ပညာရေးကောလိပ်ကျောင်း (၂၅)ကျောင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်အဆင့်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။