သမိုင်းကြောင်း

(က)   ဟားခါးပညာရေးကောလိပ် ဖွင့်လှစ်ခြင်း

                  ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးအရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၅) သဘောတူညီချက် အရ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့စွဲပါ စာအမှတ်၊ အုပ်ချုပ်မှု (အမိန့်စာ) ၂၀၁၆(၀၀၅၁) အရ ချင်းပြည်နယ်တွင် ပညာရေးကောလိပ် အသစ် (၁)ကျောင်းအား ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။

                  ဟားခါးပညာရေးကောလိပ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် နေ့သင်တန်းများ စတင် ဖွင့်လှစ်ခဲ့ပါသည်။

(ခ)  တည်နေရာနှင့် အကျယ်အဝန်း

                  ဟားခါးပညာရေးကောလိပ်သည် ဟားခါး-ဖလမ်း ကားလမ်းမိုင်တိုင် ၁၁၇/၃ နှင့် ၁၁၇/၄ ကြား ဦးပိုင်အမှတ်(၂၀)၊ ဟားခါးမြို့လယ်မှ (၇)မိုင်ခန့်အကွာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ(၆၁၀၀) တွင် တည်ရှိပါသည်။ ကျောင်း၏ မူလဧရိယာသည် (၄၉.၉၅)ဧက ရှိခဲ့ပြီး ချင်းပြည်နယ်အစိုးရ၏ (၃၁.၇.၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၃/၅-၁၇(၇)/ ဦး ၃ အရ (၄၈)ဧက ကို ထပ်မံတိုးချဲ့ခွင့်ရရှိခဲ့ရာ စုစုပေါင်း (၉၇.၉၅)ဧက ရှိပါသည်။