Our Mission

ရည်မှန်းချက်(Our College Missions)

၁။      နိုင်ငံတကာအမြင်များနှင့် မိတ်ဆက်ပေးနိုင်သော နိုင်ငံတကာသင်ယူမှုကို တိုက်တွန်း အားပေးသော သင်ရိုးညွှန်းတမ်းတစ်ခုကို ရေးဆွဲနိုင်သည့် စွမ်းရည်ရှိသော ဆရာများ မွေးထုတ်ပေးရန်။

၂။       အများနှင့်စုပေါင်းနေထိုင်တတ်ပြီး တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ စွဲမြဲပိုင်ဆိုင်သော နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်သည့် ဆရာများ ဖြစ်လာစေရန်။

၃။      နိုင်ငံတကာနှင့်ဆိုင်သော ပညာရေးဆွေးနွေးပွဲများတွင် ပညာရပ်ဆိုင်ရာ အကြောင်းအရာ များကို ဆွေးနွေးနိုင်စွမ်းရှိသည့် ဆရာများဖြစ်လာစေရန်။

၄။      အားကစားနည်းပညာများ၊ ICT နည်းပညာများ၊ ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်နိုင်သော ပညာရေးဝန်ထမ်းကောင်းများ ဖြစ်လာ စေရန်။

၅။      နိုင်ငံတကာနှင့်ဆိုင်သော သင်ယူမှုအစီအစဉ်များကို ထောက်ပံ့ပေးနိုင်မည့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်နိုင် သော ဆရာများဖြစ်လာစေရန်။

၆။      တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခြေခံ၍ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းမြှင့်တင်နိုင်သည့် နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်သော ဆရာကောင်း၊ ဆရာမွန်များ ဖြစ်လာစေရန်။