ဟားခါးပညာ‌‌‌‌ရေး‌ကောလိပ်သမိုင်းအကျဉ်း

(က)   ဟားခါးပညာရေးကောလိပ် ဖွင့်လှစ်ခြင်း

                                   ဟားခါးပညာရေးကောလိပ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် နေ့သင်တန်းများ စတင် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးအရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၅) သဘောတူညီချက် အရ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့စွဲပါ စာအမှတ်၊ အုပ်ချုပ်မှု (အမိန့်စာ) ၂၀၁၆(၀၀၅၁) အရ ချင်းပြည်နယ်တွင် ပညာရေးကောလိပ် အသစ် (၁)ကျောင်းအား ဖွင့်လှစ်ခွင့် ပြုခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၀)ရက် (ကြာသပတေး)နေ့တွင် ကျင်းပပြီးစီခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၂၀) သဘောတူညီချက်အရ (၂)နှစ်သင် ပညာရေးကောလိပ်ကျောင်း (၂၅)ကျောင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်အဆင့်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။

(ခ)  တည်နေရာနှင့် အကျယ်အဝန်း

ဟားခါးပညာရေးကောလိပ်သည် ဟားခါး-ဖလမ်း ကားလမ်းမိုင်တိုင် ၁၁၇/၃ နှင့် ၁၁၇/၄ ကြား ဦးပိုင်အမှတ်(၂၀)၊ ဟားခါးမြို့လယ်မှ (၇)မိုင်ခန့်အကွာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ(၆၁၀၀) တွင် တည်ရှိပါသည်။ ကျောင်း၏ မူလဧရိယာသည် (၄၉.၉၅)ဧက ရှိခဲ့ပြီး ချင်းပြည်နယ်အစိုးရ၏ (၃၁.၇.၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၃/၅-၁၇(၇)/ ဦး ၃ အရ (၄၈)ဧက ကို ထပ်မံတိုးချဲ့ခွင့်ရရှိခဲ့ရာ စုစုပေါင်း (၉၇.၉၅)ဧက ရှိပါသည်။

                 

                 

Please follow and like us:
error

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်